နှစ်ပေါင်း ၁၇၈ သက်တမ်းရှိ ဗြိတိန်ခရီးသွားကုမ္ပဏီ ပြိုလဲသွားပြီ

၂၃ စက်တင်ဘာ 

 

နှစ်ပေါင်း ၁၇၈ နှစ် သက်တမ်းရှိ ဗြိတိန်ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီ ဖြစ်တဲ့ သောမတ်စ်ကွတ်ခ် (Thomas Cook)  ဟာ ဒီကနေ့ (တနင်္လာနေ့) မှာ ဒေဝါလီခံလိုက်ပြီဖြစ်တဲ့အတွက် Thomas Cook ကနေ ခရီးစဉ် ဝယ်ထားတဲ့ ခရီးသွားတွေအပေါ်မှာ ချက်ချင်း အကျိုးသက်ရောက်မှု တွေ ဖြစ်စေပါတယ်။

 

Thomas Cook ကုမ္ပဏီပြိုလဲသွားရခြင်းဟာ ဘရစ်ဇစ်ကြောင့် ခရီးသွားတွေ မလာတာကြောင့်လို့ ပြစ်တင်ထားသလို အပြီးအစီး ဝန်ဆောင်မှုပေးတဲ့ ခရီးသွားလုပ်ငန်းကို သုံးစွဲသူတွေ နည်းလာတဲ့ အတွက် ကုမ္ပဏီ ဆက်လက် တည်ရှိရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ရင်းနှီးမြှပ်နှံဖို့ ရှာဖွေရင်း ပြိုကွဲသွားတာလို့ ဆိုပါတယ်။ 


 
Thomas Cook ကုမ္ပဏီဟာ နိုင်ငံပေါင်း ၁၆ နိင်ငံမှာ ဟိုတယ်လုပ်ငန်း၊ အပန်းဖြေစခန်းလုပ်ငန်း၊ လေယာဉ်နဲ့ အပျော်စီးသင်္ဘော လုပ်ငန်းတွေကို လည်ပတ်နေတဲ့ကုမ္ပဏီဖြစ်တဲ့အတွက် ယူကေအတွင်းမှာ အလုပ်သား ၉,ဝ၀ဝ အပါအဝင် ကမ္ဘာတဝန်းရှိ လုပ်သား ၂၂,ဝ၀ဝ ဦးဟာ အလုပ်လက်မဲ့ဖြစ်သွားပြီဖြစ်ပါတယ်။ 

 

Thomas Cook ကုမ္ပဏီကနေ ခရီးစဉ် ဝယ်ယူထားတဲ့ ခရီးသွား ၆၀ဝ, ဝ၀ဝ ဟာ ကမ္ဘာတဝန်းက ခရီးစဉ်အတွက် ဝယ်ယူထားပြီး ဘူဂေးဒီးယား၊ ကျူးဘား၊ တူရကီ နဲ့ အမေရိကန် နိုင်ငံတွေကို ရောက်ရှိနေတဲ့ ခရီးသွား ၁၅၀,ဝ၀ဝ  လောက်ဟာ အဲဒီနိုင်ငံတွေမှာ ရှိတဲ့ ဗြိတိန်သံရုံးတွေကို ဆက်သွယ်ပြီး အကူညီ တောင်းခံထားတယ်လို့ သိရပါတယ်။  ခရီးသွား ၁၆,ဝ၀ဝ ဟာ ဒီကနေ့မှာ ဗြိတိန်ကို ပြန်လာရတော့မှာ ဖြစ်ပါတယ်။ ဗြိတိန်အစိုးရက အနည်းဆုံး ခရီးသွား ၁၄,ဝ၀ဝ ကို အိမ်ပြန်ရောက်အောင် ဂျက်လေယာဉ် ၄၅ စင်း ကို အသုံးပြုပြီး ခေါ်ပေးမှာ ဖြစ်ပါတယ်။ 

 

MDN
ကိုးကား - AFP