“နှစ်သစ်မင်္ဂလာ မဟာသင်္ကြန်” တေးဂီတဖျော်ဖြေပွဲ (ပွဲစဉ်-၂) မြန်မာ့ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်ပြသမည်

နေပြည်တော် ဧပြီ ၃

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် Friday Night Live Show တေးဂီတ ဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်ပေးလျက်ရှိရာ ၁၃၈၅ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်တွင် ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန် နှိုးဆော်သည့်အနေဖြင့် “နှစ်သစ်မင်္ဂလာ မဟာသင်္ကြန်” တေးဂီတဖျော်ဖြေပွဲ (ပွဲစဉ်-၂) ကို ဧပြီ  ၅ ရက်၊ သောကြာနေ့ ည(၉) နာရီခန့်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ တိုက်ရိုက်ထုတ်လွှင့် ပြသမည်ဖြစ်သည်။

အဆိုပါ  တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နာမည်ကျော် အနုပညာရှင်များဖြစ်ကြသည့် ထပ်ဆင့်အကယ်ဒမီရန်အောင်၊ မိုးယံဇွန် ၊ မင်းထက်၊ ချမ်းဟိန်းဝင်းထွန်း၊ ပြည့်ဖြိုးအောင်၊ ဆုပန်ထွာ၊ စိုးနန္ဒာကျော်၊ အိအိလှိုင်၊ ခိုင်သဇင်ဦး နှင့် မြနန္ဒာ တို့က အတာသင်္ကြန်တေးသီချင်းများကို သင်္ကြန်အကအလှများနှင့်တွဲဖက်၍ သီဆိုဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်ပြီး ယင်းအစီအစဉ်ကို ဧပြီ ၇ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင်လည်း Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်