ပါရီ ၁ ဖေဖော်ဝါရီ
ဒီသီတင်းပတ်အတွင်းမှာ ကြုံတောင့်ကြုံခဲဖြစ်စဉ် လကြတ်ခြင်းဖြစ်ပေါ်နိုင်ကြောင်း ကြိုတင်ခန့်မှန်းထားကြတဲ့အတိုင်း ဇန်နဝါရီ ၃၁ ရက်ညက Super blue blood moon လို့ ခေါ်တဲ့ နက္ခတ္တဗေဒဆိုင်ရာ လကြတ်တဲ့ ထူးခြားဖြစ်စဉ်ကို ကမ္ဘာတစ်ဝန်းကလူတွေ တွေ့မြင်ခံစားခဲ့ကြရပါတယ်။ Super blue blood moon ဖြစ်စဉ်ဆိုတာ ရှားပါးတဲ့ အပြာရောင်လအကြီးစား ပုံသဏ္ဌာန်ဖြစ်ပြီး နေ၊ ကမ္ဘာ၊ လတို့ တစ်တန်းတည်းဖြစ်ပေါ်တဲ့ လအပြည့်ကြတ်ခြင်းကို ခေါ်ဆိုတာဖြစ်ပါတယ်။
နေ၊ ကမ္ဘာမြေကြီးနဲ့ လတို့ တစ်တန်းတည်းကျမှုကြောင့် ဖြစ်ပေါ်လာတဲ့ လအပြည့်ကြတ်မှုဖြစ်စဉ်ဟာ အခါများစွာကြုံမှ တစ်ကြိမ်သာမြင်တွေ့ရတဲ့ ရှားပါးဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ်။ လဟာ ကမ္ဘာမြေနဲ့ အနီးဆုံးနေရာကို ရောက်ရှိလာပြီး Super လို့ခေါ်တဲ့ လအကြီးစားဖြစ်ပေါ်လာပါတယ်။ အဲဒီကနေတစ်ဆင့် လတစ်လအတွင်းမှာ ဒုတိယအကြိမ်ဖြစ်ပေါ်တဲ့ လပြည့်မှု blue အဆင့်ကို ရောက်လာပါတယ်။ အဲဒီဖြစ်စဉ်ကို blue moon လို့ခေါ်ဆိုပြီး နှစ်နှစ်နဲ့ ရှစ်လကြာတိုင်း တစ်ကြိမ်ဖြစ်ပေါ်တယ်လို့ သိရပါတယ်။
အဆုံးမှာ ကမ္ဘာမြေကြီးဟာ လနဲ့ နေအကြားရောက်ရှိသွားချိန် လတစ်ခုလုံး အနီရောင် ပြောင်းလဲသွားတဲ့ဖြစ်စဉ်ကို blood ဖြစ်စဉ်လို့ ခေါ်ဆိုတာဖြစ်ပါတယ်။ ဒီတစ်ကြိမ် super blue blood moon ဖြစ်စဉ်ဟာ နှစ်ပေါင်း ၃၆ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်တာပါ။ မြောက်အမေရိက အနောက်ပိုင်း၊ အာရှ၊ အရှေ့အလယ်ပိုင်းနဲ့ သြစတေးလျတို့မှာ မြင်တွေ့ရတဲ့ လအပြည့်ကြတ်မှု ပုံရိပ်တွေကို AFP မှာဖော်ပြထားပါတယ်။
(MDN)
ကိုးကား - AFP