နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ

နေပြည်တော်၊ ၇ ဒီဇင်ဘာ

 

ဘရူနိုဖာနန်ဒက်စ်

 

ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို   တစ်ပတ်လုပ်ခ ပေါင် နှစ်သိန်းနဲ့  သက်တမ်းတိုး စာချုပ် ထပ်မံချုပ်ဆိုဖို့ မန်ယူအသင်းက ကမ်းလှမ်းလိုက်ပါတယ်။  

 

ဖာနန်ဒက်စ်ဟာ လက်ရှိ မန်ယူအသင်းမှာ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းသာ ရရှိနေပေမယ့် စာချုပ်သစ် လက်မှတ်ရေးထိုးလိုက်ရင်   လက်ရှိမန်ယူအသင်းမှာ ရရှိနေတဲ့   လစာရဲ့  နှစ်ဆ ရရှိလာတော့မှာ ဖြစ်ပါတယ်။  သူဟာ မန်ယူကို ပြောင်းရွှေ့လာတဲ့ အချိန်ကတည်းက အသင်းမှာ  လျင်လျင်မြန်မြန် အသားကျခဲ့ပြီး  မန်ယူရဲ့ လက်ရှိကစားသမားစာရင်းမှာ ပုံမှန်ခြေစွမ်းပြနိုင်တဲ့ ကစားသမားတစ်ဦးလို့ ဆိုနိုင်သူပါ။   သူ့ကို   စိတ်ဝင်စားတဲ့အသင်းတွေထဲမှာ  ဘာစီလိုနာနဲ့  ရီးယဲလ်မက်ဒရစ်တို့လို ထိပ်တန်း အသင်းတွေလည်း ပါဝင်နေတာကြောင့်  မန်ယူက စာချုပ်သစ်ထပ်မံချုပ်ဆိုပြီး အသင်းမှာ ဆက်ထိန်းနိုင်ရေး  ကြိုးစားလာတာဖြစ်ပါတယ်။

 

ဂျွန်စတုန်း

 

အာဆင်နယ်အသင်းနည်းပြ အာတီတာက မန်စီးတီးနောက်ခံလူ ဂျွန်စတုန်းကို  အရောင်းစာရင်းထဲ ထည့်ရင် အာဆင်နယ်ကို အကြောင်းကြားပေးဖို့  မန်စီးတီးအသင်းဆီ ဆက်သွယ်ခဲ့ကြောင်း သိရပါတယ်။

 

အသက် (၂၆)နှစ်အရွယ် ဂျွန်စတုန်းဟာ မန်စီးတီးမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတာကြောင့် ယူရိုဖလား ပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းမှာ ရွေးချယ်ခံရရေး    သူ့ကို ပွဲထွက်ခွင့် အာမခံချက်ပေးနိုင်မယ့် အသင်းတစ်သင်းဆီ ပြောင်းရွှေ့ဖို့ ကြိုးစားနေပါတယ်။

 

ဖြစ်နိုင်မယ်ဆို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ အသင်းပြောင်းလိုပြီး  မန်စီးတီးမှာ လက်ထောက်နည်းပြ လုပ်ခဲ့ဖူးတဲ့ အာတီတာက အာဆင်နယ်နောက်တန်းအားဖြည့်ဖို့ ဂျွန်စတုန်းကို ခေါ်ယူလိုတာဖြစ်ပါတယ်။ အာတီတာရဲ့ ၃-၄-၃ ကစားကွက်ကလည်း ဂျွန်စတုန်းရဲ့ ကစားဟန်နဲ့ လိုက်ဖက်မှု ရှိတာကြောင့် ဇန်နဝါရီဈေးကွက်အတွင်းမှာပဲ   ဂျွန်စတုန်းနဲ့ အာဆင်နယ်အသင်းတို့ လက်တွဲမှုကို မြင်ရဖွယ်ရှိနေပါတယ်။

 

ဘာပေ

 

တိုက်စစ်မှူး ဘာပေကို လက်ရှိကလပ်အသင်းဖြစ်တဲ့  ပီအက်စ်ဂျီက သက်တမ်းတိုးစားချုပ် ချုပ်ဆိုဖို့ ကြိုးစားနေတယ်လို့  ကလပ်အသင်းရဲ့    အားကစားဒါရိုက်တာ လီယိုနာဒိုက အတည်ပြုခဲ့ပါတယ်။

 

အသက် (၂၁)နှစ်အရွယ်သာ ရှိသေးတဲ့ ဘာပေဟာ ရီးယဲလ်နည်းပြ ဇီဒန်းရဲ့ အလိုချင်ဆုံး ကစားသမားစာရင်းမှာ ထိပ်ဆုံးက ရှိနေသူဖြစ်ပြီး  ဘာပေကိုယ်တိုင်က လည်း ရီးယဲလ်ကို ပြောင်းရွှေ့ဖို့  အချိန်တန်ပြီလို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း  သတင်းရင်းမြစ်တွေက ဆိုပါတယ်။

 

ဘာပေနဲ့ ပီအက်စ်ဂျီတို့ ချုပ်ဆိုထားတဲ့ လက်ရှိ စာချုပ်ဟာ ၂၀၂၁ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်လို့ ဘာပေအနေနဲ့ ရီးယဲလ်ကိုရွေးချယ်ဖို့ ပီအက်စ်ဂျီရဲ့ စာချုပ်သစ်ကို ငြင်းပယ်သွားမလား၊ ဒါမှမဟုတ်  ပီအက်စ်ဂျီမှာပဲ အောင်မြင်မှုကို ဆက်လက် ရှာဖွေသွားမလားဆိုတာ သူ့ရဲ့ စာချုပ်သစ် လက်မှတ်ထိုးမှု အပေါ် မူတည်ပြီး အဖြေထုတ်ရမှာဖြစ်ပါတယ်။

 

မေလဲ့သင်း

 

mdn