နောင် ၁၀ နှစ်ကျော်အတွင်း ရင်ဆိုင်ကျော်လွှားသွားရဦးမယ့် ရေဘေးဒုက္ခအန္တရာယ်များ

၁၅ ဇူလိုင်

နှစ်စဉ်ကမ္ဘာတစ်ဝန်းမှာ အထူးသဖြင့် ပင်လယ်ကမ်းရိုးတန်းနဲ့ နီးကပ်တဲ့နိုင်ငံတွေမှာ ရေဘေးဒုက္ခကို နှစ်စဉ်ခံစားကြရကြောင်းသိရပြီး လာမယ့် ၂၀၃၀  ပြည့်နှစ်မှာ  ရေဘေးဒုက္ခကြောင့် ယင်းနိုင်ငံတွေမှာ တစ်နှစ်လျှင် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ၅၂၁ ဘီလီယံ ဆုံးရှုံးနိုင်ခြေရှိတယ်လို့ ကြိုတင်ခန့်မှန်းထားကြောင်း သိရပါတယ်။

သဘာဝဘေးအန္တရာယ်            အများကြီးရှိတဲ့အနက် ရေဘေးဒုက္ခကို   လူတွေပိုမိုခံစားကြရပါတယ်။    မြစ်ရေကြီးခြင်း၊    မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့်    ရေကြီးမှုမှာ ထိပ်ဆုံးမှပါဝင်တဲ့ ၁၅ နိုင်ငံက လူဦးရေ ၈၀ ရာခိုင်နှုန်းကျော်ဟာ ရေဘေးဒုက္ခကို   နှစ်စဉ်ခံစားကြရပါတယ်။    အဲဒီလိုရေဘေး ဒုက္ခကို ခံစားရတဲ့နိုင်ငံတွေဟာ   ဖွံ့ဖြိုးမှုနည်းတဲ့   နိုင်ငံတွေနဲ့ ဖွံ့ ဖြိုးဆဲနိုင်ငံတွေပဲ ဖြစ်ကြပါတယ်။

ကမ္ဘာတစ်ဝန်း     ရေလွှမ်းမိုးမှုအများဆုံး      ခံစားရတဲ့ ၁၅  နိုင်ငံမှာ  အိန္ဒိယ၊  ဘင်္ဂလားဒေ့ရှ်၊  တရုတ်၊  ဗီယက်နမ်၊            ပါကစ္စတန်၊  အင်ဒိုနီးရှား၊  အီဂျစ်၊  မြန်မာ၊  အာဖဂန်နစ္စတန်၊ နိုင်ဂျီးရီးယား၊    ဘရာဇီး၊  ထိုင်း၊  ကွန်ဂို၊  အီရတ်နဲ့  က္ဘောဒီး ယားနိုင်ငံတို့ ဖြစ်ကြပါတယ်။

လာမယ့် ၁၀ နှစ်ကျော်အတွင်း အာဆီယံနိုင်ငံတွေဟာ မြစ်ချောင်းများတစ်လျှောက် ရေကြီးမှုများမြင့်တက်လာနိုင်တဲ့  အန္တရာယ်နဲ့  ရင်ဆိုင်ရနိုင်ခြေရှိကြောင်း  ကမ္ဘာ့သဘာဝ ရင်းမြစ်များဆိုင်ရာ အင်စတီကျု၏ လေ့လာမှုစစ်တမ်း အသစ် အရသိရသည်။

လူဦးရေထူထပ်တဲ့နိုင်ငံ ၂၀ ရှိသည့်အနက် အာရှမှာရှိတဲ့ ၁၂ နိုင်ငံမှာ    ရေဘေးဒုက္ခနဲ့   ကြုံတွေ့နိုင်ဖွယ်  အများဆုံး ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေဟာ ကမ္ဘာ့လူဦးရေထူထပ်များပြားတဲ့ နိုင်ငံတွေဖြစ်ကြပြီး အဲဒီနိုင်ငံတွေထဲမှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့လည်း ပါဝင်ကြပါတယ်။ ဒါတင်ပဲလား ဆိုတော့        မဟုတ်ပါဘူး။      အရှေ့တောင်အာရှနဲ့      အာရှ တောင်ပိုင်းဒေသများမှာရှိတဲ့ နိုင်ငံအချို့ဟာ ရေဘေးဒုက္ခနဲ့ ကြုံတွေ့နိုင်ပါတယ်။

အာဆီယံနိုင်ငံအများစုဟာ ကမ္ဘာ့ပထဝီဝင်သဘောအရ ရေကြီးပြီး  ရေလွှမ်းမိုးတဲ့  နေရာအများစုမှာ  တည်ရှိနေတာကြောင့်  ရေဘေးဒုက္ခနဲ့  အများဆုံးကြုံတွေ့နိုင်တဲ့အထဲမှာ ပါပါတယ်။

ရေကြီးခြင်းဖြစ်ပွားရတဲ့      အကြောင်းရင်းများအနက် အရေးကြီးတဲ့        အကြောင်းရင်းတစ်ချက်မှာ        ရာသီဥတု ပြောင်းလဲမှုကြောင့်ဖြစ်ပြီး  အခြားတစ်ချက်မှာ  ကာဗွန်ဒိုင် အောက်ဆိုက်နဲ့  ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုတို့ကြောင့် ဖြစ်ပါတယ်။  အဲဒီအချက်တွေကြောင့်  ရာသီဥတုပြောင်းလဲ မှုကိုဖြစ်စေပါတယ်။

ကမ္ဘာအနှံ့အပြားရှိ   မြစ်ချောင်းအင်းအိုင်တွေနဲ့   နီးတဲ့နေရာများရှိနိုင်ငံတွေမှာ     မှီတင်းနေထိုင်ကြတဲ့     လူဦးရေ     ၅၄ သန်းဟာ    နှစ်စဉ်ရေဘေးဒုက္ခကို    ခံစားနေရပါတယ်။                ဆိုင်ကလုံးမုန်တိုင်း ကိုမန်ကဲ့သို့   ဆိုင်ကလုန်းမုန်တိုင်းတွေ တိုက်ခတ်ခဲ့ပြီးနောက်ပိုင်းမှာလည်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့်    အိန ́ိယ၊   ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်                အာဆီယံတောင်ပိုင်းပြည်နယ်တွေမှာလည်း     လူပေါင်းရာနဲ့ ချီပြီးသေဆုံးခဲ့သလို သန်းပေါင်းများစွာသော လူတွေကိုလည်း ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ 
 
မြန်မာနိုင်ငံမှာလည်း ဇူလိုင်လအတွင်းက မိုးသည်းထန် စွာရွာသွန်းမှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဒေသ အတော်များများမှာ ရေကြီးခြင်း၊ မြေပြိုခြင်းတွေဖြစ်ပွားခဲ့ပါတယ်။     နိုင်ငံတစ်ဝန်းမှာ      ရေကြီးမှုဖြစ်စဉ်များကြောင့်     လူပေါင်း အတော်များများ  နှစ်စဉ်အသက်ဆုံးရှုံးခဲ့ရပါတယ်။ မကွေးတိုင်းဒေသကြီးနဲ့  စစ်ကိုင်းတိုင်းဒေသကြီးတွေမှာလည်း  ရေကြီးခြင်းဖြစ်စဉ်များ နှစ်စဉ်ဖြစ်ပွားလေ့ရှိပါတယ်။

အိန္ဒိယနိုင်ငံမှာလည်း   မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနောက်ဘင်္ဂလားပြည်နယ်၊ ဩဒိဿ၊ မဏိပူရ၊ ရာဂျက်စ်တန်နှင့် ဂူဂျာရတ်တို့အပါအဝင်      အခြားပြည်နယ်အတော်များများ ရေဘေးဒုက္ခကို  နှစ်စဉ်အကြီးအကျယ်  ခံစားရလေ့ရှိကြောင်း သိရပါတယ်။

ပါကစ္စတန်နိုင်ငံမှာလည်း ရေလွှမ်းမိုးမှုတွေကြောင့် ပန်ဂျပ်၊ ခိုင်ဘာပက်တွန်ခါဝ၊  ဘလူချီစတန်၊  ဂယ်ဂစ်ဘယ်တစ္စတန်နဲ့ ဆင့်ဒ်တို့မှာ နှစ်စဉ်ရေကြီးမှု အဆိုးရွားဆုံးဖြစ်ပြီး ပန်ဂျပ်ပြည်နယ်မှာ ရေဘေးဒုက္ခကို နှစ်စဉ်ခံစားခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း        နှစ်စဉ်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်    ရေကြီးမှုများဖြစ်ပေါ်ခဲ့ရာ    စစ်တကောင်း၊ ဘရစ္စဆပ်နှင့်  ခူနာဒေသများတွင်လည်း   ရေဘေးဒုက္ခများကို ပုံမှန်ခံစားနေရပါတယ်။

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာလည်း ရေကြီးမှုတွေ နှစ်စဉ် ဖြစ်ပွားလေ့ရှိပါတယ်။    ဒါ့အပြင်   ဗီယက်နမ်နိုင်ငံရဲ့  ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဟာလောင်းပင်လယ်ကွေ့ဒေသကို ရေဘေးကြောင့် ပျက်စီးဆုံးရှုံးရမှာကို စိုးရိမ်ပူပန်လျက်ရှိပါတယ်။

ထိုင်းနိုင်ငံ၊      ချိုင်ဆန်နှင့်      မယ်ဆိုင်ဒေသတွေမှာလည်း နှစ်စဉ်ရေကြီးမှုဒဏ်ကို ခံစားရကြောင်းသိရပါတယ်။

အချုပ်အားဖြင့်ဆိုရရင်        ရေကြီးခြင်းတွေဟာ        ရာသီဥတုဖောက်ပြန်ခြင်း၊        ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများ များပြားခြင်း၊   ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှု များပြားခြင်းနဲ့        ကမ္ဘာကြီးပူနွေးလာခြင်းတို့ကြောင့်ပဲဆိုတာ ငြင်းမရပါဘူး။ လာမယ့် ၂၀၃၀မှာ ပင်လယ်ကမ်းရိုးတန်းနဲ့ နီးတဲ့တိုင်းပြည်တွေမှာ  လူပေါင်း နှစ်သန်းကျော်  ရေလွှမ်းမိုးမှုဒဏ်ကို ပိုမိုခံစားရမှာဖြစ်ပါတယ်။

လတ်တလောမှာ ပင်လယ်ကမ်းရိုးတန်းနဲ့နီးတဲ့ ပါကစ္စတန်နိုင်ငံမှာ လူဦးရေ ၇၁၅၀ဝဝ ဟာ ယနေ့မှာ သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်ပါတယ်။  အလားတူပဲ တခြားပင်လယ် နဲ့နီးတဲ့  နိုင်ငံတွေမှာလည်း   ရေဘေးဒုက္ခကိုနှစ်စဉ်ခံစားနေကြ ရပြီ ဖြစ်ပါတယ်။  

ယနေ့ခေတ်မှာ သဘာဝနဲ့ သက်ဆိုင်တဲ့ ဘေးအန္တရာယ်တွေဟာ တစ်နေ့တခြား ပိုမိုထူထပ်များပြားလာနေတယ်ဆိုတာ  မျက်ဝါးထင်ထင်     တွေ့မြင်နေရပြီဖြစ်ပါတယ်။     ဒါကြောင့်မို့            အစိုးရ၊   တပ်မတော်၊   ပြည်သူ၊  လူမှုကယ်ဆယ်ရေး အဖွဲ့ အစည်းတွေနဲ့     စေတနာရှင်ပြည်သူတွေအပါအဝင်   ကမ္ဘာ့ပြည်သူတစ်ရပ်လုံးပေါင်းစည်းပြီး    သဘာဝဘေးအန္တရာယ် မကျရောက်မီ    ကြိုတင်ကာကွယ်မှုတွေကို    အကောင်းဆုံး ပြုလုပ်နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။      ။

ကိုးကား - အာဆီယံဝိကလီး၊ ဝရလိဒ်ဝက်
ထွန်းသစ်စ