နောင်ချိုမြို့ သဖန်းကိုင်း ပရဟိတကျောင်းတွင် Quarantine စင်တာ ဖွင့်လှစ်ရန် ပြင်ဆင်ထားရှိ

နောင်ချို ၁၈ ဇွန်          

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)  နောင်ချိုမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ နောင်ချိုမြို့ သဖန်းကိုင်း ပရဟိတကျောင်းတွင် Quarantine စင်တာဖွင့် လှစ်၍ ပြင်ဆင်ထားရှိကြောင်း သိရသည်။

 

အဆိုပါ Quarantine စင်တာကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ ကြီးကြပ်မှု၊ ပရဟိတအဖွဲ့များ၏ စီစဉ်ဆောင်ရွက်မှု၊ သဖန်းကိုင်း ပရဟိတဆရာတော်၏ ခွင့်ပြုပေးမှုတို့ဖြင့် ကြိုတင် ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး မိမိတို့မြို့နယ်အတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်လာသော Quarantine ဝင်ရောက်ရန် လိုအပ်သူများကို ထားရှိနိုင်ရန် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

                                                                       

ထွေးငယ်၊ ပြန်/ဆက်