နောင်ချိုမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာအနီးတွင်  ၁၂ ဘီးယာဉ် နှစ်စီးတိုက်မိမှုဖြစ်ပွား ၅ ဦး ဒဏ်ရာရ

သီပေါ ၁၆ ဩဂုတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး-သီပေါ-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးမှ နောင်ချိုမြို့နယ် ဘန့်ဘွေးကုန်းကြီးရွာမအုပ်စု ရေဝင်ကျေးရွာအနီးတွင် ယနေ့နံနက် ၈ နာရီက သီပေါမြို့နယ်မှ နာနတ်သီးများ တင်ဆောင်လာပြီး ယာဉ်မောင်း ဝေလျှံလင်း မောင်းနှင်သည့် ၁၂ ဘီး ယာဉ်နှင့် မန္တလေးမှ ယာဉ်မောင်း အောင်ဆန်းမင်း မောင်နှင်ပြီး နွားများ တင်ဆောင်လာသော ၁၂ ဘီးယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယာဉ်တိုက်မှုကြောင့် နာနတ်သီးများတင်ဆောင်လာသည့် ယာဉ်မှ ယာဉ်မောင်း ဝေလျှံလင်း၊ ယာဉ်နောက်လိုက် ဝေယံထွန်း၊ နွားများတင်ဆောင်လာသည့် ယာဉ်မှ ယာဉ်မောင်း အောင်ဆန်းမင်း၊ ယာဉ်နောက်လိုက် ကျော်မျိုးထူး၊ နှင့်အောင်လင်းတို့မှာ ဒဏ်ရာများရရှိခဲ့သဖြင့် ပြင်ဦးလွင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

စိုင်း(သီပေါ)