နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများသို့ ၂၀၂၂ ခုနှစ် မိုးကြိုကြံချေးငွေ ထုတ်ပေး

နောင်ချို   ဖေဖော်ဝါရီ   ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ အတိုးနှုန်း သိသာစွာဖြင့် တောင်သူများသို့ ၂၀၂၂ မိုးကြိုကြံချေးငွေများကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက ထုတ်ပေး လျက်ရှိသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား ချေးငွေများ ထုတ်ပေးရာတွင် ကျန်းမာရေး စည်းကမ်း ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိပြီး ဖေဖော်ဝါရီ ၁ ရက်တွင် ညောင်ထောက်ကျေးရွာအုပ်စုမှ တောင်သူ ၁၆ ဦး၊ ရွှေမုဋ္ဌောကျေးရွာအုပ်စုမှ တောင်သူ ၆၃ ဦး စုစုပေါင်း တောင်သူ ၇၉ ဦးအား စုစုပေါင်းငွေ ကျပ် ၆၀၉၀၀၀၀၀ ကို ထုတ်ပေးခဲ့ကြောင်း မြို့နယ်မန်နေဂျာ ဒေါ်အေးအေးခိုင်ထံမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)