နောင်ချို၌ အသက်အရွယ်အလိုက် ကာကွယ်ဆေးထိုးနှံပေး

နောင်ချို  ၁   နိုဝင်ဘာ  ၁

                                                                                                                                     

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန၌ နိုဝင်ဘာ ၁ ရက်နေ့က အသက်အရွယ်အလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ရာ နောင်ချိုမြို့နယ်အတွင်းရှိ မွေးစမှ ၅ နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးများအား ထိုးနှံပေးခဲ့သည်။

 

4

 

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဦးစီးဌာနမှ လစဉ်ဆောင်ရွက်လျက်ရှိပြီး ကြိုတင် ကာကွယ်ဆေးထိုးနှံပေးမှုကြောင့် ဖြစ်ပေါ်လာမည့် ရောဂါအန္တရာယ်များကိုကာကွယ်ပေးနိုင်ပြီး ကလေးများ၏ အနာဂတ်ဘဝ သာယာလှပမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

လင်းသန့်(ပြန်/ဆက်)