နောင်မွန်းမြို့၌ ကဆန်ချောင်းရေတိုက်စားမှုကြောင့် အမက(၁)ကျောင်း ကမ်းပါးယံပြိုကျမှုနှင့် နရန်ချောင်းကူးတံတားချဉ်းကပ်လမ်း ရေတိုက်စားမှုဖြစ်ပွား

နောင်မွန်း ဇွန် ၂၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဇွန် ၂၁ ရက် နံနက်ပိုင်းတွင် အမက(၁) ကျောင်းကမ်းပါးယံပြိုကျမှုနှင့် နောင်မွန်း-ကဆန်ခူး-ထုံလာ-ခူထီလမ်း(ကျေးလက်လမ်းဦးစီး) ပေါ်ရှိ နရန်ချောင်းကူးတံတား ချဉ်းကပ်လမ်း ရေတိုက်စားမှုများ ဖြစ်ပွားခဲ့သည်။

နောင်မွန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ အမက(၁)ကျောင်း အနောက်ဘက်ခြမ်းတွင် ကဆန်ချောင်းရေ တိုက်စားမှုကြောင့် အလျား ပေ ၃၀၀ ရှိသည့်‌‌ ကျောင်းကမ်းပါးယံ၏ အတွင်းဘက်သို့ ၁၀ ပေခန့် ပြိုကျခဲ့ပြီး ထန်ထုကျေးရွာအနီး နောင်မွန်း-ကဆန်ခူး-ထုံလာ-ခူထီလမ်း (ကျေးလက်လမ်းဦးစီး)ပေါ်ရှိ အရှည် ပေ ၈၀ ရှိ နရန်ချောင်းကူးဘေလီသံပေါင်တံတား ချဉ်းကပ်လမ်း ၈ ပေခန့် ရေတိုက်စားပြိုကျမှု ဖြစ်ပေါ်ခဲ့ကာ ဆိုင်ကယ်နှင့် လူများ ပုံမှန်အတိုင်းသွားလာလျက်ရှိပြီး ယာဉ်ကြီးများ ဖြတ်သန်းသွားလာမှု ပြတ်‌တောက်ခဲ့ရသည်။

အဆိုပါ ဖြစ်ပွားရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်နှင့် တာဝန်ရှိသူများ သွား‌ရောက်ကြည့်ရှုပြီး တံတားပြန်လည် ကောင်းမွန်ရေးနှင့် အများပြည်သူ ပုံမှန်အတိုင်းသွားလာနိုင်ရေး အမြန်ဆုံး ပြုပြင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)