နောင်မွန်မြို့နယ်နှင့် ပန်နန်းဒင်မြို့သို့ ဆက်သွယ်ထားသော ကားလမ်းပေါ်ရှိ "ထာပရီ"ချောင်းကူးသစ်သားတံတားသစ် ဆောက်လုပ်ပြီးစီး

ပန်နန်းဒင်  ၂၂  ဒီဇင်ဘာ

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့နယ်နှင့် ပန်နန်းဒင်မြို့သို့ ဆက်သွယ်ထားသော ကားလမ်း ပေါ်ရှိ "ထာပရီ"ချောင်းကူးသစ်သားတံတားမှာ စက်တင်ဘာ ၂၃ ရက် ညတွင် မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် တောင်ကျချောင်းရေများ မြင့်တက်လာကာ မျောပါပျက်စီးသွားခဲ့သည်။

ထိုမျောပါပျက်စီးသွားသည့် သစ်သားတံတားသစ်ကို ဦးနောဒီးနှင့် အဖွဲ့သား(၅)ဦးတို့က နို၀င်ဘာလ လဆန်းပိုင်းမှ စတင်ဆောက်လုပ်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျဉ်ခင်းသစ်သားတံတားသစ်မှာ အရှည်ပေ(၅၀)၊ အကျယ်(၁၄)ပေရှိသော ပျဉ်ခင်းသစ်သား တံတား အမျိုးအစားဖြစ်ပြီး ယခုအခါ ယာဉ်ကြီး၊ယာဉ်ငယ်များ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာ နိုင်ပြီဖြစ်ကြောင်း ပန်နန်းဒင်မြို့ လမ်းဦးစီးဌာန အင်ဂျင်နီယာ ဦးဇော်ရာဆင်ရမ် ထံမှ သိရသည်။

နောယော်ဘော်(ပြန်/ဆက်)