နောင်နှစ် တွေမှာလည်း ပရိသတ်ရဲ့ ဆုတောင်း ပေးမှုတွေနဲ့ထိုက်တန်တဲ့ အနုပညာသမား ဖြစ်အောင် ကျွန်တော်ကြိုးစားသွား မှာပါ (ကျော်ကျော်ဗို - အကောင်းဆုံး အမျိုးသားရုပ်ရှင်ဇာတ်ပို့ ထူးချွန်ဆု)

၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနားတွင် ထူးချွန်ဆု ရရှိခဲ့သူများ၏ ပီတိစကားသံ

ကျော် အားအရဆုံး ဇာတ်ရုပ်ကို ပူးဝင်စီးကပ်ရတဲ့ဇာတ်နဲ့ရတဲ့အတွက် ပိုပြီး ဂုဏ်ယူရပါတယ်။ ပထမဆုံး တွေးမိတဲ့ စိတ်ကူးကတော့ ကျွန်တော့် ဖေဖေပါ။ ဗီဒီယိုကားတွေ ရိုက်နေကတည်းက အကယ်ဒမီနဲ့ ကျွန်တော့်ကို မြင်စေချင်တာ။ အခုလည်း သူမြင်နေမယ်လို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့ဖန်တီးမှုတွေကို စွမ်းအားရှိသလောက်လုပ်နေဦးမှာပါ။ ပရိသတ်ကြီးကို ပြောချင်ပါတယ်။ ဆုတောင်းတွေပြည့်သွားပါပြီ။ နောင်နှစ် တွေမှာလည်း ပရိသတ်ရဲ့ ဆုတောင်း ပေးမှုတွေနဲ့ထိုက်တန်တဲ့ အနုပညာသမား ဖြစ်အောင် ကျွန်တော်ကြိုးစားသွား မှာပါ။

တွေ့ဆုံမေးမြန်း-ဇော်ကြီး(ပဏီတ)

ဓာတ်ပုံ-ဖေဇော်