နောင်တရားဒေသတွင် တိရစ္ဆာန်မွေးမြူရေးနှင့် အာဟာရဗေဒသင်တန်းဖွင့်

နောင်တရား ၁၆ ဇွန်    

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိသည့် မွှေးပြင်၊ပင်ခင်၊ပေါ့အင်၊ လွယ်မောကျေးရွာအုပ်စုများတွင် မွေးမြူရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်လျက် ပင်လောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မယ့်ဖားလုံ ဖောင်ဒေးရှင်းတို့ပူးပေါင်း၍ တိရစ္ဆာန်မွေးမြူရေးနှင့်အာဟာရဗေဒသင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲကို နောင်တရားမြို့ ဒေသနွားမျိုးထိန်း၊ မျိုးပွားသရုပ်ပြမွေးမြူရေးခြံ၌ ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။

 

5479

 

သင်တန်းဖွင့်ပွဲတွင် နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူးဦးစိုင်းချမ်းမြေ့ဝင်းက အဖွင့်အမှာစကားပြော ကြားသည်။ဆက်လက်၍ မယ့်ဖားလုံဖောင်ဒေးရှင်းမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်အောင်ကမယ့်ဖားလုံ ဖောင်ဒေးရှင်း၏ဆောင်ရွက်နေသည့်လုပ်ငန်းများကိုလည်းကောင်း၊ ပင်လောင်းမြို့နယ်မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနီနီဝင်းက တိရစ္ဆာန်များကိုကာကွယ်ဆေးထိုးနှံမှု၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ 

အဆိုပါသင်တန်းသို့ဘိန်းအစား ထိုးဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် လျက်ရှိသည့် မွှေးပြင်၊ ပင်ခင်၊ ပေါ့အင်၊ လွယ်မောကျေးရွာအုပ်စုများမှသင်တန်းသား (၂၀)ဦးတက်ရောက် ပြီး သင်တန်းကာလ(၅)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)