နော်ဝေကုန်တင်သင်္ဘောပေါ်တွင် အလုပ်လုပ်ကိုင်နေသည့် ဖိလစ်ပိုင်ကိုးဦး ပြန်ပေးဆွဲခံရ

အော်စလို ၅  နိုဝင်ဘာ

နော်ဝေသင်္ဘောကုမ္ပဏီဖြစ်သည့် ၂.၂ Ugland ပိုင်ဆိုင်သည့် ကုန်တင် သင်္ဘောတွင် အလုပ်လုပ်ကိုင်နေသည့် ဖိလစ်ပိုင်နိုင်ငံသားကိုးဦးမှာ ပြန်ပေးဆွဲခံရကြောင်း နော်ဝေမီဒီယာများက နိုဝင်ဘာ ၃ ရက်တွင် ပြောကြားခဲ့ သည်။

ဘီနင်ကမ်းရိုးတန်းတွင် ကုန်ချရန် စောင့်ဆိုင်းနေသည့် သင်္ဘောပေါ်မှ အဆိုပါသင်္ဘောသားများကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု ကုမ္ပဏီ၏သတင်းထုတ်ပြန်ချက် သိရသည်။ ကုမ္ပဏီဘက်ကမူ ဓားစာခံများမှာ မည်သည့်နိုင်ငံသားဖြစ်သည်ကို ဖော်ပြခဲ့ခြင်းမရှိပေ။ နော်ဝေသင်္ဘောကုမ္ပဏီအသင်းမှ သတင်း အရင်းအမြစ်တစ်ခု၏ ဖော်ပြချက်ကို ကိုးကားကာ ဖမ်းဆီးခံထားရသည့်လူများမှာ ဖိလစ်ပိုင်နိုင်ငံသားများ ဖြစ်သည်ဟု နော်ဝေအွန်လိုင်းသတင်းစာဖြစ်သည့် E 24 တွင် ဖော်ပြထားသည်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နော်ဝေနိုင်ငံသားများ ဖမ်းဆီးခံထားရခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ အဆိုပါကိစ္စရပ်ကို သင်္ဘောကုမ္ပဏီမှ ကိုင်တွယ်လျက်ရှိပြီး လက်ရှိအခြေအနေကို ကုမ္ပဏီမှ ပဋိပက္ခဖြေရှင်းရေးအသင်းမှာ ကိုင်တွယ်ဖြေရှင်းနေကြောင်းနှင့် သက် ဆိင်ရာ အာဏာပိုင်များနှင့်လည်း ဆက်သွယ်နေကြောင်း ပြောပြခဲ့သည်။

သင်္ဘောသားများ၏ မိသားစုများကိုလည်း အကြောင်းကြားထားကြောင်း သိရသည်။ ပြန်ပေးငွေနှင့် ပတ်သက်သည့် တောင်းဆိုချက်ကို မသိရသေးပေ။ မကြာသေးမီနှစ်များကလည်း အဆိုပါဒေသတွင် အလားတူ အဖြစ်အပျက်များ ဖြစ်ခဲ့ဖူးသည်။

ဆင်ဟွာ