နေအိမ်အပေါ်ထပ်တွင် ဆိုလာပြားအားသွင်းထားခဲ့ရာမှ အပူလွန်ကဲပြီး နေအိမ်ငါးလုံး မီးလောင်မှုဖြစ်ပွား

မန္တလေး ၂၃ မတ်

ပုသိမ်ကြီးမြို့နယ်၊ ပုဂံတပ်ကျေးရွာနေ ဒေါ်နီ၏ တစ်ထပ်ခြေတံရှည် နေအိမ်ပေါ်တွင် ယနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ က ဆိုလာပြား အားသွင်းထားခဲ့ရာမှ အပူလွန်ကဲပြီး အနီးထရံသို့ မီးကူးဆက်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ အုပ်ချုပ်မှုယာဉ် နှစ်စီး၊ မီးသတ်ရေသယ်ယာဉ် ၂၀ စီး၊ သန္ဓေ ၅၀ ဦး၊ အရန် ၁၀ဝ ဦးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့သည်။

 

mdn

 

မီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူ အိမ်ထောင်စု ၇ စု၊ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၂၈ ဦးတို့အား ကျေးရွာရှိ အောင်ဗိမ္မာန်ဓမ္မာရုံတွင် ယာယီစခန်း ဖွင့်လှစ်ထားရှိရပြီး ခြေတံရှည်နေအိမ် ၅ လုံးနှင့် နွားစာတဲ ၂ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်နှင့်စပ်လျည်း၍ ပိုင်ရှင် ဒေါ်နီအား ပုသိမ်ကြီးမြို့နယ် ရဲစခန်းမှ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

 

mdn