နေအိမ်ဈေးဆိုင်ခန်း၌ ဆင်ဆာမဲ့ခွေများ ရောင်းချနေသူအား ဖမ်းဆီးအရေးယူ

ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီး၊ မတ္တရာ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဗီဒီယိုအခြေခံအဖွဲ့မှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ္တရာမြို့နယ်၊ ပန်းယျရွာဈေးတန်း၌ တရားမဝင် ဆင်ဆာမဲ့ခွေများ ရောင်းချနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးရာ အဆိုပါရွာနေ ဒေါ်မိုးမိုး (၄၇)နှစ်သည် နေအိမ်ဈေးဆိုင်ခန်း၌ ဆင်ဆာမဲ့ နိုင်ငံခြားဇာတ်လမ်းတွဲခွေ (၂၅၀)ခွေနှင့်အတူ ဖမ်းဆီးရမိခဲ့သောကြောင့် မတ္တရာမြို့မ ရဲစခန်း(ပ)၅၈/၂၀၁၉၊ ရုပ်မြင်သံကြားနှင့် ဗွီဒီယိုဥပဒေပုဒ်မ ၃၂(ခ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 


MDN