နေအိမ်မီးဖိုရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

ထန်းတပင်  ၁၇  ဖေဖော်ဝါရီ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အတွင်းရေကျော်ကျေးရွာတွင် ယနေ့ နံနက် ၂ နာရီက နေအိမ်မီးဖိုရှိ မီးကြွင်းမီးကျန်များမှတစ်ဆင့် အနီးရှိ ထင်းခြောက်များအား မီးကူးစက်လောင်ကျွမ်းရာမှ နေအိမ်(၃)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

 

1113...

 

မီးလောင်မှုဖြစ်ပွားရာသို့ ထန်းတပင်မြို့နယ် မီးသတ်စခန်းမှ စခန်းတာဝန်ခံ ဒုတိယမီးသတ်ဦးစီးမှူး ဦးမိုးမင်းအောင် ဦးအောင်ကာ မီးသတ်ယာဉ် ၂ စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၁၇ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၅ဝ ဦး၊ တပ်ဖွဲ့ဝင်အင်အား စုစုပေါင်း ၆၇ ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

55..22

 

အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ စစ်ဆေးဆောင်ရွက်ရာတွင် ဒေါ်ခင်ဝင်း၏ နေအိမ်အတွင်း မီးဖိုးချောင်ရှိ မီးကြွင်းမီးကျန်များမှတစ်ဆင့် အနီးရှိ ထင်းခြောက်များအား ကူးစက်လောင်ကျွမ်းရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် နေအိမ်(၃)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်မှုနှင့် ပတ်သက်၍ ထန်းတပင် မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ဇင်မင်းထိုက်(ပြန်/ဆက်)