နေ့ခင်းအချိန် ဘဏ်မှ ငွေထုတ်လာသူ အမျိုးသမီးထံမှ ငွေထုပ်လူယူခံရမှု သထုံ၌ဖြစ်ပွား

သထုံ ၁၇  ဇူလိုင်

 

မွန်ပြည်နယ် သထုံမြို့၌ ဇူလိုင် ၁၇ ရက် နေ့လယ်ပိုင်းအချိန်က ဘဏ်သို့ ငွေလွှဲရန် သွားနေသော အမျိုးသမီးတစ်ဦးထံမှ ဆိုင်ကယ်စီးသူ အမျိုးသားတစ်ဦးက ငွေ သိန်း ၆၀ ပါ ငွေထုပ်အား လုယူထွက်ပြေးသွားကြောင်း သိရသည်။

 

သထုံမြို့ အောက်ကျင်းရပ်ကွက်နေသူ မဥမ္မာမြင့်သည် နန်းခဲရပ်ကွက်ရှိ KBZ (2) မှ ငွေထုတ်ယူပြီး ညီမဖြစ်သူထံ ငွေလွှဲရန် ဧရာဝတီဘဏ်သို့ နန်းခဲရပ်ကွက် ရှမ်းစုလမ်းအတိုင်း စက်ဘီးဖြင့် ထွက်လာရာ ၎င်း၏ နောက်မှ လိုက်လာသော ဆိုင်ကယ်နှင့် အမျိုးသားတစ်ဦးက စက်ဘီး၏ ရှေ့ခြင်းထဲတွင် ထည့်ထားသော ငွေထုတ်အား နှိုက်ယူထွက်ပြေးသွားကြောင်း သထုံမြို့မ ရဲစခန်းသို့ တိုင်ကြားရာ ငွေထုတ်လုယက် ထွက်ပြေးသွားသူအား အချိန်မီ ဖမ်းဆီးရမိနိုင်ရန် သထုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးအောင် နှင့် ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

 

ခွန်(ဝင်းပ)