နေမာ ခြေကျင်းဝတ်ဒဏ်ရာရရှိတဲ့အတွက် ကော်ပါအမေရိကားဖလားပြိုင်ပွဲမှာ ပါဝင်ခွင့် မရတော့ပြီ

၆ ဇွန် 

 


ဘရာဇီးလက်ရွေးစင် တိုက်စစ်မှူး နေမာဟာ ကာတာနိုင်ငံနဲ့ ချစ်ကြည်ရေးကစားစဉ် ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့တဲ့အတွက် ကော်ပါအမေရိကားဖလားပြိုင်ပွဲမှာ မကစားနိုင်တော့ဘူးလို့ သိရပါတယ်။ 

 


ခြေကျင်းဝတ်ဒဏ်ရာက စိုးရိမ်ရတဲ့အတွက် ကော်ပါအမေရိကားပြိုင်ပွဲမှာ နေမာ ပါဝင်ယှဉ်ပြိုင်ကစားခွင့် မရတော့ပြီဖြစ်ကြောင်း ဘရာဇီးဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ 

 


ကော်ပါအမေရိကားပြိုင်ပွဲရဲ့ ပထမပွဲစဉ်မှာ ဘရာဇီးအသင်းဟာ ဘိုလီးဗီးယားနိုင်ငံအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံဟာ အိမ်ရှင်အဖြစ် ကော်ပါအမေရိကားပြိုင်ပွဲဟာ ဇွန် ၁၄ ရက်ကနေ ဇူလိုင် ၇ ရက်နေ့အထိ လက်ခံကျင်းပမှာဖြစ်ပြီး ကာတာနဲ့ ဂျပန်အသင်းတွေအပါအဝင် ပြိုင်ပွဲဝင် ၁၂ သင်း ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ 

 


MDN
ကိုးကား - AFP