နေမာအတွက် ၂၀၁၉ ခုနှစ်ဟာ ကံမကောင်းတဲ့နှစ်လား

၄ ဇွန်

၂၀၁၉ ခုနှစ် အတွင်းမှာ ဒဏ်ရာရရှိခြင်း၊ ဒိုင်လူကြီးနဲ့ ပရိတ်သတ်ကို ရိုင်းစိုင်းတဲ့ အပြုအမှုလုပ်ဆောင်ခဲ့တဲ့အတွက် ပွဲကနေ ၂ ကြိမ် အနားပေးခံရခြင်း၊ ဘရာဇီး အသင်းခေါင်းဆောင်ရာထူးကနေ လျော့ချခံခြင်းနဲ့ အခုတခါ မုဒိန်းမှုကျူးလွန်ပါတယ်လို့ စွပ်စွဲခံရခြင်းတွေကို ကမ္ဘာမှာ ဈေးအကြီးဆုံး ကစားသမားနေမာ ကြုံတွေ့နေရပါတယ်။ 

 

771

 

ဇန်နဝါရီ ၂၃ ရက်နေ့က ကစားခဲ့တဲ့ စထွက်စ်ဘို့အသင်းနဲ့ ကစားတဲ့ပွဲမှာ ပွဲစပြီး နာရီဝက်မပြည့်ခင်မှာ အရင်က ဒဏ်ရာရဖူးတဲ့ ခြေထောက်ကို ဒဏ်ရာရှိခဲ့ပါတယ်။ 

 

4454

 

မတ်လ ၆ ရက်နေ့က PSG အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ရှုံးထွက်ပွဲမှာ နေမာဟာ ပရိတ်သတ်အတွင်းမှာ ကြည့်ခဲ့ရပါတယ်။ ပွဲအပြီးမှာ  ဒိုင်လူကြီးတွေကို  စော်ကားတဲ့စကားအပြင်တီဗီမှာ အနှေးပြကို ပြန်ကြည့်ဖို့ နားမလည်တဲ့ဒိုင်လူကြီးတွေလို့ အင်စတီဂရမ်မှာ ရေးသားလိုက်ပါတယ်။ အဲဒီအတွက် ပွဲစဉ်မှ ကစားခွင့်သီတင်းပတ် ၆ ပတ် ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ 

 

223

 

ဧပြီ ၂၈ ရက်နေ့မှာ ရန်နီးစ်အသင်းနဲ့ ကစားပွဲမှာ ပွဲကြည့်ပရိတ်သတ်ကို ဒေါသတကြီး ပြုမှုခဲ့တဲ့အတွက် ပွဲစဉ် ၃ ခုမှာ ကစားခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။
 
ကော်ပါအမေရိကားပွဲအတွက် လေ့ကျင့်ရန် မိခင်နိုင်ငံကို ပြန်စဉ်မေလ အတွင်းမှာ ဘရာဇီးနည်းပြက နေမာရဲ့ ကလပ်အသင်း ကစားဖော်ဖြစ်တဲ့ ဒန်နီအယ်ဗီကို အသင်းခေါင်းဆောင် ရာထူးလွဲပြောင်းပေးခဲ့ရာ နိုင်ငံတကာပွဲစဉ်ပေါင်း ၉၆ ပွဲရဲ့ ဘရာဇီးအသင်းခေါင်းရာထူး တစ်ခန်းရပ်သွားတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇွန် ၁ရက်နေ့ကတော့ နေမာကို မုဒိန်းမှုနဲ့ အမှုဖွင့်ခံရတာဖြစ်ပါတယ်။ တရားစွဲတဲ့အမျိုးသမီးရဲ့ ဖခင်ကပါသူဟာ အကြပ်ခိုင်ခံခဲ့ရကြောင်း စွဲဆိုခဲ့ပါတယ်။ အဲဒီအမှုနဲ့ပတ်သတ်ပြီး အခုတရားစွဲတဲ့အမျိုးသမီးက သူ့ကို WhatsApp ဆိုရှယ်မီဒီယာကနေ အင်္ကျီမပါတဲ့ပုံတွေ ပို့ပေးဖူးကြောင်း ၇ မိနစ်ကြာနေမာက ပြန်လည်ဖြေရှင်းထားတဲ့ပို့စ်ကို အင်စတီဂရမ်မှာ ဗီဒီယို တင်ထားပါတယ်။ 

MDN
ကိုးကား - AFP