နေမကောင်းဖြစ်နေသည့်ကျောင်းသူအား စာမေးပွဲအချိန်မီဖြေဆိုနိုင်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်က သွားရောက်ကူညီခေါ်ဆောင်ပေး

နေပြည်တော်   ၁၁  မတ် 
    

မန္တလေးတိုင်းဒေသကြီး၊ အမှတ်(၉၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မိတ္ထီလာ)မှ ဒုတိယရဲအုပ် ကျော်မင်းမင်းထိုက်အား ယနေ့နံနက်တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြ ဆရာတစ်ဦးက ပြည်သာယာ(မြောက်)ရပ်ကွက်နေ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသူတစ်ဦးမှာ နေမကောင်းဖြစ်နေသဖြင့် သွားရောက်ကူညီခေါ်ဆောင် ပေးပါရန် အကူအညီ တောင်းလာခဲ့သည်။
    

အဆိုပါကျောင်းသူအား ဆိုင်ကယ်ဖြင့် သွားရောက်ခေါ်ဆောင်ပေးခဲ့ရာ စာမေးပွဲအား အချိန်မီဖြေဆိုနိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။


(သတင်းစဉ်)