နေပြည်တော် ဓာတုစယဓာတ်ပေါင်းစု စေတီတော်မြတ်ကြီး (၄၁)ကြိမ်မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်မှု ပဌာန်းသိမ်းအောင်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ

 

နေပြည်တော်၊ မေ ၁၄

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယဓာတ်ပေါင်းစု စေတီတော်မြတ်ကြီး (၄၁)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်မှု ပဌာန်းသိမ်းအောင်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက စေတီတော်မြတ်ကြီးပရိဝုဏ် မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်၊ ဂန္ဓကုဋ ိကျောင်းဆောင်၊ အဘိသန္နဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်း ရပ်ကွက်၊ မစိုးရိမ်စာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ အမှူးပြုသော သံဃာတော် အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးနှင့် ဌာနမှူးများ၊ အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။

 

အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကာ မစိုးရိမ်စာသင်တိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ မထေရ်မြတ်ထံမှ ဒုတိယမြို့တော်ဝန် အမှူးပြုသော ဧည့်ပရိသတ် များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ကြသည်။

 

ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော် အရှင်သူမြတ် များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ မထေရ်မြတ်ထံမှ ဒုတိယမြို့တော်ဝန် အမှူးပြုသော ဧည့်ပရိသတ်များက လှူဒါန်းမှုအစုစုတို့အတွက် သာဓုအနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)