နေပြည်တော် ဓာတုစယဓာတ်ပေါင်းစုစေတီတော်မြတ်ကြီး ပရိဝုဏ်တော် အရှေ့ဘက်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်အား (၁၃)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း အခမ်းအနားကျင်းပ

 

 

နေပြည်တော်၊ မေ ၃

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယဓာတ် ပေါင်းစုစေတီတော် မြတ်ကြီးပရိဝုဏ်တော် အရှေ့ဘက်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်အား (၁၃)ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၆ နာရီခွဲက စေတီတော်မြတ်ကြီးပရိဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ရာ နေပြည်တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်၏ဇနီး၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူး များနှင့်ဇနီးများ၊ ဧည့်သည်တော်များ တက်ရောက် ကြည်ညိုကြသည်။

 

ရှေးဦးစွာ အခမ်းအနားမှူးက မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ရန် ပန်ကြားသည့် မဟာဗောဓိရုက္ခသိဥ္ဇနပူဇာဂါထာတော်ကို ဖတ်ကြား ပူဇော်သည်။

 

ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်၏ ဇနီး၊ ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးများ နှင့်ဇနီးများ၊ ဧည့်သည်တော်များက မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင် ရေသွန်းလောင်း ပူဇော်ကြသည်။

 

ယင်းနောက် အခမ်းအနားမှူးက အောင်ဆုမင်္ဂလာအမျှဝေစာတမ်းအား ဖတ်ကြားအမျှပေးဝေပြီး အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)