နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်ကျွန်း စုစုပေါင်း (၂၂ ဒသမ ၇၈၉၆)တန် ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၅ ဒသမ ၆၃၉၈)တန်၊ သစ်မာ (၄ ဒသမ ၂၁၃၀)တန်၊ အခြား (၁၂ ဒသမ ၉၃၆၈)တန်၊ စုစုပေါင်း (၂၂ ဒသမ ၇၈၉၆)တန်၊ ယာဉ်/ ယန္တရား (၅)စီး၊ တရားခံ (၉) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သတင်းစဉ်