နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ  တရားမဝင်သစ် (၃၆ ဒသမ ၉၄၁၇)တန် ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၂၆

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အ ထည်ဖော် ဆောင်ရွက်လျက်ရှိရာ  စက်တင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၁ ဒသမ ၆၂၀၆)တန်၊ သစ်မာ (၈ ဒသမ ၀၀၂၇)တန်၊ အခြား (၁၇ ဒသမ ၃၁၈၄)တန်၊ စုစုပေါင်း (၃၆ ဒသမ ၉၄၁၇)တန်၊ ယာဉ်/ ယန္တရား (၉)စီး၊ တရားခံ (၂၃)ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

(သတင်းစဉ်)