နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ် စုစုပေါင်း (၅၆ ဒသမ ၅၄၅၃)တန် ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၄

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System - CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ဇွန် ၂၆ ရက်မှ ဇူလိုင် ၂ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၄ ဒသမ ၂၃၅၆) တန်၊ သစ်မာ (၈ ဒသမ ၃၅၀၅)တန်၊ အခြား (၃၃ ဒသမ ၉၅၉၂) တန်၊ စုစုပေါင်း (၅၆ ဒသမ ၅၄၅၃)တန်၊ ယာဉ်/ ယန္တရား (၁၁)စီး၊ တရားခံ (၂၀) ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 

သတင်းစဉ်