နေပြည်တော် မေ ၁၄
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ မေ ၄ ရက်မှ ၁၀ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၆၇ ဒသမ ၉၇၅၀ တန်၊ သစ်မာ ၁ ဒသမ ၀၂၇၈ တန်၊ အခြား ၄၉ ဒသမ ၃၃၈၂ တန် စုစုပေါင်း ၁၁၈ ဒသမ ၃၄၁၀ တန်၊ ယာဉ်/ ယန္တရားငါးစီး၊ ပြစ်မှုကျူးလွန်သူ ကိုးဦး ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံသစ်တောဦးစီးဌာနမှ သိရသည်။
သတင်းစဉ်


