နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ်(၁၅၅ ဒသမ ၆၄၇၁)တန်၊ ဖမ်းဆီးရမိ

နေပြည်တော်  မတ် ၁၄

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိရာ မတ် ၆ ရက်မှ ၁၂ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၇၅ ဒသမ ၉၁၅၀)တန်၊ သစ်မာ (၆ ဒသမ ၁၅၄၈)တန်၊ အခြား (၇၃ ဒသမ ၅၇၇၃)တန်၊ စုစုပေါင်း (၁၅၅ ဒသမ ၆၄၇၁)တန် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

သတင်းစဉ်