နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာ ပရဟိတသင်တန်းကျောင်းတွင် အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော်       ဇူလိုင်        ၁၄

 

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာတွင် အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်ပွဲကို ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာရှိ ပရဟိတသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက  “သင်တန်းသူများအနေဖြင့်  ပညာနဲ့ မိမိဘဝ၊ မိသားစုဘဝ တိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပညာရပ်များကို စနစ်တကျ လေ့လာဆည်းပူကြစေလိုကြောင်း၊ သင်တန်းက သင်ကြားပို့ချပေးမည့် ပညာရပ်များကို ဆက်လက် လေ့လာဆည်းပူး၍ အလုပ်အကိုင်များရရှိပြီး မိသားစုဝင်ငွေများ တိုးပွားအောင် ဆောင်ရွက်သွားကြရန် လိုကြောင်း” ပြောကြားသည်။ ထို့နောက် နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးမျိုးက သင်တန်းအတွက် လိုအပ်သည့် သင်ထောက်ကူ ပစ္စည်းများအား ပေးအပ်ခဲ့ပြီး သင်တန်းနည်းပြက ပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။

 

ယခုဖွင့်လှစ်သည့် အခြေခံအပ်ချုပ်စက်သင်တန်းကို ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာ၊ ပရဟိတ သင်တန်းကျောင်းမှ သင်တန်းသူ ၂၀ အား ဇူလိုင် ၁၄ ရက်မှ ဩဂုတ် ၂၆ ရက်အထိ စက်နှင့် ပတ်သက်သော သဘောတရာများ၊ စက်ပြုပြင်တပ်ဆင်ခြင်း၊ စက်သန့်ရှင်းရေးပြုလုပ်နည်းနှင့် အခြေခံချုပ်ရိုးနည်းများ စသည့် သင်ခန်းစာများကို သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

 

မျိုးသီဟ(ပြန်/ဆက်)