နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ် (၃၁)တန် ဖမ်းဆီးရမိ 

နေပြည်တော် စက်တင်ဘာ ၂၇
    
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ စက်တင်ဘာ ၅ ရက်မှ ၁၁ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင်ကျွန်း (၁၂၁ ဒသမ ၉၃၂၈) တန်၊ သစ်မာ (၅ ဒသမ ၇၆၆၄)တန်၊ အခြား (၂၅ ဒသမ ၇၇၅၇)တန်၊ စုစုပေါင်း (၃၁)တန်၊ တရားခံ (၃၁)ဦး၊ ယာဉ်/ ယန္တရား (၃၁)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 

(သတင်းစဉ်)