နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ်များဖမ်းဆီးရမိ 

နေပြည်တော် ဒီဇင်ဘာ ၂၇

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၉ ရက် မှ ၂၅ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၂၅ ဒသမ ၃၈၈၄) တန်၊ သစ်မာ (၄ ဒသမ ၆၂၁၄)တန်၊ အခြား (၇၀ ဒသမ ၃၄၅၅)တန်၊ စုစုပေါင်း (၂၀၀ ဒသမ ၃၅၅၃)တန်၊ ယာဉ်/ ယန္တရား(၁၅)စီး၊ တရားခံ(၂၁)ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 

 

(သတင်းစဉ်)