နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တရားမဝင်ကျွန်း၊ သစ်မာနှင့် အခြားအသား ၇၂ ဒသမ ၄၈၂၀ တန် ဖမ်းဆီးရမိ

 

နေပြည်တော် ဇွန် ၂၉

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ ဇွန် ၂၀ ရက်မှ ၂၆ ရက်အထိ တရားမဝင် ကျွန်း ၃၂ ဒသမ ၄၂၀၆ တန်၊ သစ်မာ ၁၁ ဒသမ ၈၉၀၀ တန်၊ အခြား ၂၈ ဒသမ ၁၇၁၄ တန် စုစုပေါင်း ၇၂ ဒသမ ၄၈၂၀ တန်၊ တရားခံ ၃၀ ယာဉ်/ယန္တရား ၁၅ စီး ဖမ်းဆီးရမိခဲ့ကြောင်း  သစ်တောဦးစီးဌာနမှ သိရသည်။

 

မောင်သစ်တော