နေပြည်တော်     ဇူလိုင်     ၁၃

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ဒုတိယဝန်ကြီး ဦးညီညီ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းတို့နှင့်အတူ  ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်  အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌  စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လူငယ်အားကစား လေ့ကျင့်ရေးစခန်း(Youth Camp)မှ ပြေးခုန်ပစ်အားကစားသမားများ၏ (Event)အမျိုးအစားအလိုက် လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။

ယင်းနောက် အားကစားသမားများနှင့်  အုပ်ချုပ်သူ/နည်းပြများအား  တွေ့ဆုံ၍   လိုအပ်သည့် အထောက်အထူပြုပစ္စည်းများနှင့် အခက်အခဲများကို    ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လေ့ကျင့်ရေးကွင်း အမှတ်(၁)၌ လေ့ကျင့်လျက်ရှိသည့် ပြေးခုန်ပစ်အားကစားနည်းမှ (အပြေးနှင့် အပစ်)အားကစားသမားများ၏   လေ့ကျင့်နေမှုများကို   ကြည့်ရှုအားပေးပြီး  မျှော်မှန်းထားသည့်  စံချိန်စံညွှန်းများနှင့်  ဆုတံဆိပ်များရရှိပါက   အားကစားသမားများအပြင်  နည်းပြနှင့်    အုပ်ချုပ်သူများကိုပါ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်သွားရန် ပြောကြားကာ အားကစားသမားများနှင့်    အုပ်ချုပ်သူ/နည်းပြများ၏   လိုအပ်ချက်များနှင့်တင်ပြချက်များကို   ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း    သိရသည်။

သတင်းစဉ်