နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စက်မှုလယ်ယာကူးပြောင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

 

နေပြည်တော် ဧပြီ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စက်မှုလယ်ယာကူးပြောင်းရေးလုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ() ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအား လျာထားချက်ပြည့်မီစွာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  လယ်ယာကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်ရေးအတွက် နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေထူထောင်ပြီး တိုးတက်အောင်ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်း (Agro Based Industry)ကို တန်ဖိုးမြှင့်ကုန်ပစ္စည်းအထိ ထုတ်လုပ်ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ ပြည်တွင်း ဆီထွက်သီးနှံများမှ ထုတ်လုပ်သော စားသုံးဆီဖြင့် လုံလောက်အောင်သုံးစွဲခြင်းဖြင့် နိုင်ငံခြားငွေ သုံးစွဲမှုကိုလည်း လျော့ကျစေနိုင်မည်ဖြစ်သောကြောင့် ဆီထွက်သီးနှံ တိုးမြှင့်ထုတ်လုပ်ရေးနှင့် အထွက်နှုန်း ပိုမိုထွက်ရှိအောင် ပန်းတိုင်ရည်မှန်းချက်များ ထွက်ရှိရေးအတွက် ဝိုင်းဝန်း ပူးပေါင်း ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နို့စားနွား မွေးမြူရေး လုပ်ငန်းများ အကောင်အထည် ဖော်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း၌ နို့နှင့် နို့ထွက်ပစ္စည်းများ ဖူလုံအောင်ထုတ်လုပ် နိုင်ရေးအတွက် နို့စားနွားနှင့် နို့စား ကျွဲများ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ထုတ်လုပ်မှု စွမ်းအားတိုးတက်လာစေရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် မြေယာပြုပြင်ခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်း လုပ်ငန်းများဆောင်ရွက်ရာ၌ စက်ကိရိယာများ အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ပေးခြင်း၊ လယ်ယာ သုံးစက်ကိရိယာများ စွမ်းအားပြည့် အသုံးပြုနိုင်ရေးအတွက် စနစ်တကျ လယ်ယာမြေများ ဖော်ထုတ်ခြင်း၊ တောင်သူများ လုပ်ငန်းခွင်အဆင့်တိုင်းတွင် စက်ကိရိယာ အသုံးပြုနိုင်ရန် လယ်ယာသုံးစက် ကိရိယာအမျိုးမျိုးကို ဖြန့်ဖြူးရောင်းချပေးခြင်း၊ အသုံးပြုနိုင်ရန် စီမံပေးခြင်းတို့ဖြင့် ခေတ်မီနည်းစနစ်များသုံးပြီး စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြား သည်။

 

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေ သည့် လုပ်ငန်းများ၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများ၊ စက်မှုလယ်ယာကူးပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်း တင်ပြကြရာ နေပြည်တော်ကောင်စီဝင်များက လိုအပ်သည်များ ကို ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်ပတ်သက်၍ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)