နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ် ၁၇၂ တန်ကျော် ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၂၀

 

 

နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ် ၁၇၂ တန်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း  သိရသည်။

 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၂ ရက် မှ ၁၈  ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၆၃ ဒသမ ၆၅၀၅)တန်၊ သစ်မာ (၂၅ ဒသမ ၉၇၀၈)တန်၊ အခြား (၈၃ ဒသမ ၁၃၁၈)တန် စုစုပေါင်း (၁၇၂ ဒသမ ၇၅၃၁)တန်၊ တရားခံ (၂၅)ဦး၊ ယာဉ်/ယန္တရား (၉)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

 

သတင်းစဉ်