နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ် ၅၀၆ တန်ကျော် ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၉
    

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၀၃ ဒသမ ၄၀၈၂)တန်၊ သစ်မာ(၃၁ ဒသမ ၁၀၄၂)တန်၊ အခြား(၃၇၂ ဒသမ ၁၅၀၀)တန်၊ စုစုပေါင်း (၅၀၆ ဒသမ ၆၆၂၄)တန်၊ တရားခံ (၃၁)ဦး၊ ယာဉ်/ယန္တရားအစီး (၃၀) ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 

ညီညီသန်း(နေပြည်တော်)