နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်   ဧပြီ    ၂၀

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား     ပြည်သူ     ပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု      သတင်းပို့စနစ် (Community    Monitoring   and     Reporting System-CMRS)    အပါအဝင်   နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဧပြီ (၃) ရက်မှ (၁၆) ရက်အထိ နေပြည်တော်၊ ပြည်နယ် နှင့်    တိုင်းဒေသကြီး      သစ်တောဦးစီးဌာနများမှ ပေးပို့လာသော    စာရင်းများအရ     တရားမဝင် ကျွန်း (၁၃၅ ဒသမ ၄၆၉၄) တန်၊ သစ်မာ (၇၁ ဒသမ ၁၀၇၈)  တန်၊  အခြား  (၂၂၉  ဒသမ  ၆၁၂၀)   တန် စုစုပေါင်း (၄၃၆ ဒသမ ၁၈၉၂) တန်၊ ယာဉ်/ ယန္တရား (၁၁) စီး၊ တရားခံ (၂၉) ဦး ဖမ်းဆီးရမိခဲ့ပြီး၊ ဖမ်းဆီး ရမိမှုများအနက်    အများဆုံးဖမ်းဆီးရမိမှုမှာ    ဧပြီ (၃)  ရက်တွင်  မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည် ခရိုင်  ကျောက်ဆည်မြို့နယ်   ကျောက်ပုံ ကျေးရွာထိပ်မှ   တရားမဝင်   ကျွန်း/ ပျဉ်းကတိုး/ အင်ကြင်း သစ်လုံး/ ခွဲသား/ လုံးပတ် ၃ပေ အောက်သစ်အလုံး/ချောင်း (၁၈၀) (၃၂ ဒသမ ၇၃၄၀ တန်) ဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်