နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တရားမဝင်သစ် ၁၂၂ ဒသမ ၂၅၀၂ တန် သိမ်းဆည်းရမိ

နေပြည်တော် ၂၈ သြဂုတ်

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိသည့် စာရင်းများအရ ကျွန်း ၃၄ ဒသမ ၅၄၄၁ တန်၊ သစ်မာ ၃၈ ဒသမ ၈၉၀၂ တန်နှင့် အခြားသစ် ၄၈ ဒသမ ၈၁၅၉ တန် စုစုပေါင်း ၁၂၂ ဒသမ ၂၅၀၂ တန်၊ ပြစ်မှုကျူးလွန်သူ ၅၂ ဦးနှင့် ယာဉ်/ယန္တရား ၂၇ စီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိမှုများတွင် သြဂုတ် ၂၄ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ/ယင်းမာပင်ခရိုင် ကနီမြို့နယ် ညောင်ပင်ဝန်းကျေးရွာအတွင်းမှ အင်ခွဲသားမျိုးစုံ ၄၇၂ ချောင်း (၆ ဒသမ ၄၈၃၄)တန်နှင့် ပြစ်မှုကျူးလွန်သူတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

မောင်လူမော်