နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ တရားမဝင်သစ် တန် ၂၁၀ ကျော် ဖမ်းဆီးရမိ

နေပြည်တော် ၅ ဩဂုတ်

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၇ ရက်မှ ဩဂုတ် ၂ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၂၆ ဒသမ ၅၃၉၆) တန်၊ သစ်မာ (၂၉ ဒသမ ၇၉၆၈)တန်၊ အခြား (၅၅ ဒသမ ၈၅၀၀)တန် စုစုပေါင်း(၂၁၂ ဒသမ ၁၈၆၄)တန်၊ တရားခံ (၃၂)ဦး၊ ယာဉ်/ယန္တရား(၂၉)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ညီညီသန်း(နေပြည်တော်)

 

mdn