နေပြည်တော် နိုဝင်ဘာ ၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ ယနေ့ညနေပိုင်းတွင် ဇေယျာသီရိမြိုနယ်၊ သစ်တပ်ကျေးရွာအနီး ပင်လောင်းလမ်းဆုံမှ ကျောက်ချက် ကျေးရွာအထိ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး လမ်းဘေးဝဲ/ယာရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရေပေးရေးစက်ရုံသို့သွားရောက်၍ နေပြည်တော်အတွင်း သောက်သုံးရေလုံ လောက်စွာပေးဝေနိုင်ရေးအတွက် ချောင်းမငယ်ဆည်မှရေကို ဆင်အုံကန်မှတဆင့် ထပ်တိုးရယူရန် အကောင်အထည်ဖော် တည်ဆောက်မည့် စီမံကိန်းလုပ်ငန်း လျာထားမှုများကို ကြည့်ရှုစစ်ဆေးပြီးနေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းအစီအမံများကို ရေရှည်မျှော်မှန်းပြီး စနစ်တကျရေးဆွဲဆောင်ရွက်ထားရှိရန်နှင့် ယခုတိုးချဲ့ရေပေးရေး စီမံကိန်းသည် စိုက်ပျိုးရေးအတွက် အဓိကတည်ဆောက်ထားသော ချောင်းမငယ်ဆည်မှ ရေအား မျှဝေသုံးစွဲရသည့်အတွက် မိုးနည်းပါး သည့်နှစ်များတွင် သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ကြိုတင်ညှိုနှိုင်း ဆောင်ရွက်ထားရန်  မှာကြားသည်။  
    
ယင်းနောက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ သုခတော်ဝင်အိမ်ရာစီမံ ကိန်းအပိုင်း(၂) တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန် စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလ အတွင်းပြီးစီးရေးနှင့် လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်