နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၂ဝ၂၃ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားတက်ရောက်

နေပြည်တော် စက်တင်ဘာ ၈

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၂ဝ၂၃ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားကို   ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက"စေတနာပန်းတို့ လန်းရာမြေ"တေးသီချင်းဖြင့် အခမ်းအနားကို ဂုဏ်ပြုသီဆိုပြီး ဖွင့်လှစ်ကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စာတတ်မြောက်ရေးနေ့သည် စာမတတ်သူများကို အခြေခံ စာတတ်မြောက်ရေးမှ လုပ်ငန်းအကျိုးပြု စာတတ်မြောက်မှုရရှိ၊ ရောက်ရှိလာအောင် လှုံ့ဆော်ဆောင်ကြဉ်း ပေးခြင်းဖြစ်ပါကြောင်း၊ စာမတတ်သည့်ကမ္ဘာမှ စာတတ်သည့်ကမ္ဘာသို့ တက်လှမ်းပြောင်းလဲပေးခြင်း လည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၊ မိမိပတ်ဝန်းကျင်တွင် စာမတတ်သူများအားလုံးကို စာပေတတ်မြောက်အောင် ကူညီပေးခြင်းဖြင့် တစ်မျိုးသားလုံး စာတတ်မြောက်လာရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။

 

ယင်းနောက် ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ယူနက်စကို ညွှန်ကြားရေး မှူးချုပ်၏ သဝဏ်လွှာကို နေပြည်တော်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်က ဖတ်ကြားသည်။

 

ထို့နောက် စာတတ်မြောက်ရေးလုပ်ငန်းများဆောင်ရွက်မှု (VIDEO CLIP) ပြသပြီး ပျဉ်းမနားမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "တို့အင် တိုအား" တေးသရုပ်ဖော်ဖြင့် တင်ဆက်ဂုဏ်ပြုဖျော်ဖြေကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်သော ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းနှင့် ပျဉ်းမနား မြို့နယ်၊ အမှတ်(၅) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုဆုငွေချီးမြှင့်ပြီး ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းအတွက် ရန်ပုံငွေများကိုပေးအပ်ရာ ​ကေျာင်းအုပ်ဆရာကြီး ဦးဝင်းခိုင်က လက်ခံရယူကြောင်း သိရသည်။

(သတင်းစဉ်)