နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဥတ္တရသီရိမြို့နယ်တွင် နေပြည်တော်ကုသရေးဦးစီးဌာနမှ ကွင်းဆင်းဆေးကုသပေးနေမှု ကြည်ရှုအားပေး

နေပြည်တော် ဖေဖော်ဝါရီ ၂၈

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ကုသရေးဦးစီးဌာနမှဦးဆောင်၍ ပျဉ်းမနားပြည်သူ့ဆေးရုံကြီးခုတင်(၂၀၀)နှင့်တပ် ကုန်းမြို့ပြည်သူ့ ဆေးရုံခုတင်(၁၀၀)ဆေးရုံတို့မှ အထူးကုဆရာဝန်များပါဝင်သောအဖွဲ့သည် နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်၊ မင်းကုန်းကျေးရွာအုပ်စု  မောင်းရမ်းကျေးရွာအုပ်စုနှင့် ဇလောင်းကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ဇလောင်းကျေးရွာအုပ်စု ရာဇဓာနီသာ မဏေကျော် ကျောင်းတိုက်၌ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုနှင့် ဥတ္တရ သီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများမှ သံဃာတော်များနှင့် သီလရှင်များကို Mobile Team အဖွဲ့များက အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေး တတိယအကြိမ် သုံးကြိမ်ပြည့်ထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် ရာဇမာနီသာမဏေကျော်ကျောင်းတိုက် ပဓာနနာယကဆရာတော် မဟာ ဂန္ထဝါ စကပဏ္ဍိတ ဘဒ္ဒန္တတေဇောဘာသ မထေရ်မြတ်အား ဖူးမြှော်ကြည်ညိုပြီး ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးရာ ကျန်းမာရေးဝန်ကြီးဌာန ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး၊ ဥတ္တရခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ခွဲစိတ်အထူးကု၊ ကလေးအထူးကု၊ မျက်စိအထူးကု၊ သားဖွားမီးယပ်အထူးကု၊ သွားအထူးကု၊ အရိုးအထူးကု ဆရာဝန်ကြီးများဖြင့် ဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေးနေမှုအခြေအနေများကို ရှင်းလင်းပြသကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများအား ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များကို ပေးအပ်ကြသည်။

ယနေ့ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဘီပိုးကာကွယ်ဆေးထိုးနှံပြီးသည့် သံဃာတော် ၂၂ ပါးနှင့်  ကျေးရွာများမှ ဒေသခံပြည်သူများအား ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးရာတွင် အထူးကုဆရာဝန်များက အထွေထွေရောဂါအထူးကုလူနာ ၁၀၇ ဦး၊ မျက်စိလူနာ ၇၈ ဦး၊ ခွဲစိတ်လူနာ ၁၇ ဦး၊ အရိုးလူနာ ၆၂ ဦး၊ ကလေးလူနာ ၂၇ ဦး၊ သားဖွားမီးယပ်လူနာ ၂၆ ဦး၊ သွားနှင့်ခံတွင်းလူနာ ၁၉ ဦး၊ စုစုပေါင်းလူနာ ၃၃၆ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး လူနာ ၁၅ ဦးကို ဆေးရုံကြီးများသို့ လွှဲပြောင်း၍ ကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်