နေပြည်တော်မော်တော်ယာဉ် အသင်းများမှ ဝန်ထမ်းများ၏ သားသမီးများအား ပညာရည်ချွန်ဆုနှင့် ပညာသင် ထောက်ပံ့စရိတ် ပေးအပ်

နေပြည်တော်  ၂၉   ဇူလိုင်


နေပြည်တော် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး) ကွပ်ကဲမှုအောက်ရှိ မော်တော်ယာဉ် အသင်းများမှ ဝန်ထမ်းများ၏ သားသမီးများအား ပညာရည်ချွန်ဆုနှင့် ပညာသင်ထောက်ပံ့စရိတ် ပေးအပ်ခြင်းကို ဇူလိုင် ၂၈ ရက် နံနက် ၉  နာရီက ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။

 

1

 


အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင်၊ နေပြည်တော် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး နေပြည်တော် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (အဝေးပြေး) အတွင်းရေးမှူး ဦးမြတ်မိုးမှ ပညာသင်ထောက်ပံ့မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် နေပြည်တော်ကောင်စီဝင်၊ နေပြည်တော် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရရှိသူများ၊ အောင်မြင်သူများနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မူလတန်းမှ တက္ကသိုလ်အဆင့်ထိ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆု ချီးမြှင့်ငွေနှင့် ဆုတံဆိပ်များ ပညာသင်ထောက်ပံ့ငွေနှင့် ကျောင်းသုံး ဗလာစာအုပ်များကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။


အခမ်းအနားတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ(၂၂)ဦး၊ တစ်ဦးလျှင် ငွေကျပ် ငါးသောင်းနှင့် ဂုဏ်ထူးရရှိသူ (၈)ဦး၊ တစ်ဦးလျှင် ငွေကျပ် သုံးသောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပညာသင်ကြားနေသော အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၅၀ အား တစ်ဦးလျှင် သုံးသောင်းကျပ်၊ အလယ်တန်းအဆင့် ၁၁၈ ဦးအား တစ်ဦးလျှင် နှစ်သောင်း ငါးထောင်ကျပ်၊ မူလတန်းအဆင့်(၁၃၆)ဦးအား တစ်ဦးလျှင် နှစ်သောင်းကျပ်၊ တက္ကသိုလ်အဆင့် တက်ရောက်သူ (၆၅)ဦးအား တစ်ဦးလျှင် ငါးသောင်းကျပ်နှင့် ဗလာစာအုပ်ဒါဇင် (၄၀ဝ) အတွက် စုစုပေါင်း ငွေကျပ် ၁၃၇၂၀ဝ၀ဝ ကျပ်ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


စိုးမိုး(ပြန်/ဆက်)