နေပြည်တော်၌ နှစ်သစ်ကူးဖလား ဂေါက်သီးရိုက်ပြိုင်ပွဲဆုပေးပွဲကျင်းပ

နေပြည်တော်   ဇန်နဝါရီ   ၁၀

နေပြည်တော် ပျဉ်းမနားဂေါက်သီးရိုက်အသင်းက ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို နေပြည်တော်ရှိ မြို့တော်ဂေါက်ကွင်း ခန်းမဆောင်၌ ဇန်နဝါရီ ၈ ရက် ညနေ ၆ နာရီက ပြုလုပ်ရာ နေပြည်တော် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး တက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက Winner ဆု၊ Whole in one ဆုနှင့် ဆုများအသီးသီးပေးအပ်ရာ ဆုရရှိသည့် ဂေါက်သီးအားကစားသမားများက အသီသီး လက်ခံရယူပြီး ဂုဏ်ပြုညစာစားပွဲဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

နေပြည်တော်(ပြန်/ဆက်)