နေပြည်တော်၌ နွေရာသီအင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံ သင်တန်းဆင်း

နေပြည်တော် မေ ၁၃

 

နေပြည်တော်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့် ဦးကျော်သိန်းဆိုင် တို့သည် ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ  ပျဉ်းမနားမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နွေရာသီအင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံ သင်တန်းဆင်းပွဲ အခမ်းအနားသို့  တက်ရောက်ကြသည်။

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း က  သင်တန်းဆင်းအမှာစကား ပြောကြားပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်များက အခြေခံသင်တန်းများတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြ သူများနှင့် တာဝန်ရှိသူများကို ဂုဏ်ပြုဆုများ၊ သင်တန်းဆင်း လက်မှတ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

 

အဆိုပါ သင်တန်းများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်မြို့နယ်(၈)မြို့နယ်ရှိ အခြေခံပညာကျောင်း (၈)ကျောင်း၌  ဧပြီ  ၂၄ ရက်မှ မေ  ၁၃ ရက်အထိ တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသား ကျောင်းသား/သူ (၈၅၂) ဦးတက် ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)