နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် (၁၀)နှစ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး အခမ်းအနားကျင်းပ

နေပြည်တော် မေ ၁၃

 

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ (၁၀)နှစ်မြောက် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မင်္ဂလာခန်းမ၌ကျင်းပသည်။

 

အခမ်းအနားတွင် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ နာယက နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်က နေပြည်တော်ဖွံ့ဖြိုးရေး ဘဏ်လီမိတက်၏ ဘဏ်လုပ်ငန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်များအတိုင်း စဉ်ဆက်မပြတ် စနစ်တကျထိရောက်စွာ လည်ပတ်ဆောင်ရွက်ကြရန်နှင့် Digital Bankingစနစ်သို့ ကူးပြောင်းနိုင်ရေးကိုလည်း အစဉ်ကြိုးပမ်း ဆောင်ရွက်ကြရန် ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် က ၂၀၂၂ -၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများကို လည်းကောင်း၊ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမိတက် အမှုဆောင်အရာရှိချုပ်က နှစ်ပတ်လည် အစီရင်ခံစာကိုလည်းကောင်း ဖတ်ကြား ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် လီမိတက် ဒါရိုက်တာ အဖွဲ့ဝင်များ၏ အမည်စာရင်းကို အတည်ပြုကြေညာပြီး (Win Thin & Associates Certified Public Accountants) မှ Managing Partner ဦးမိုးကျော်က ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၏ စာရင်းစစ် အစီရင်ခံစာကိုဖတ်ကြားပြီး ဒုတိယအမှုဆောင်အရာရှိချုပ် ဦးစိုးထွန်းက နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် လီမိတက်၏ ရှေ့လုပ်ငန်းစဉ်များကို တင်ပြအတည်ပြုခြင်းများ ဆောင်ရွက်သည်။

 

ထို့နောက် နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ က ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် (၁)နှစ်တာကာလအတွင်း ပျက်ကွက်ရက်လုံးဝမရှိ ရုံးတက်မှန်သော ဝန်ထမ်း(၃၅)ဦးကို ဂုဏ်ပြုဆုချီးမြှင့် ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။

 

ယင်းနောက် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် လီမိတက်ဒါရိုက်တာအဖွဲ့ နာယက နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်က နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။      

(သတင်းစဉ်)