နေပြည်တော်ရှိ ရန်အောင်မြင် ရွှေလက်လှစေတီတော်မြတ်ကြီး၌ ဆုန်ညောင်ရေသွန်းလောင်းပူဇော်

နေပြည်တော် မေ ၁၄

နေပြည်တော်ကောင်စီမှကြီးမှူး၍ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို မေ ၁၄ ရက် နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင် ရွှေလက်လှစေတီတော်မြတ်ကြီး ပရိဝုဏ် အတွင်း အနောက်မြောက်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်တွင် ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်၍ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ရန်အောင်မြင်ရွှေလက်လှစေတီ တော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးတို့ ကပ်လှူပူ‌ဇော်သည်။
ထို့နောက် မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး အခမ်းအနားမှူးက ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ရန်ပန်ကြားသည့် မဟာဗောဓိရုက္ခသိဉ္ဇနပူဇာဂါထာကို ဖတ်ကြားပူဇော် သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်ထားသည့်နေရာများအလိုက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်၍ အမွေးနံ့သာရည်ဖြင့် ပက်ဖျန်းပူဇော်ကြပြီး မဟာဗောဓိညောင်ပင်အား လက်ယာရစ် လှည့်လည် ပူဇော်ခဲ့ကြကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)