နေတိုးအဖွဲ့ဝင်ခြောက်နိုင်ငံက နယ်နိမိတ်များကို ကာကွယ်ရန် ဒရုန်းတံတိုင်းတစ်ခု ထူထောင်မည်

 

ဘရပ်ဆဲလ် မေ ၂၆

 

မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (နေတိုး) မှအဖွဲ့ဝင်ခြောက်နိုင်ငံသည် ၎င်းတို့၏နိုင်ငံနယ်နိမိတ်များကို ကာကွယ်ရန်အတွက်  ဒရုန်းတံတိုင်းတစ်ခု ထူထောင်မည်ဖြစ်ကြောင်း ယမန်နေ့က ကြေညာခဲ့သည်။  ဘောလ်တစ်ပြည်နယ်များဖြစ်သည့် လစ်သူယေးနီးယား၊ လတ်ဗီးယားနှင့် အက်စ်တိုးနီးယားတို့အပြင်   ပိုလန်၊ ဖင်လန်နှင့် နော်ဝေးတို့လည်း ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ “ဒရုန်းတံတိုင်းသည် နော်ဝေးနိုင်ငံမှ ပိုလန်နိုင်ငံအထိ  ရှည်လျားမည်ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများ၏ နယ်စပ်များကို ကာကွယ်ရန်အတွက် မောင်းသူမဲ့လေယာဉ်များနှင့် အခြားသောနည်းပညာမြင့် နည်းပညာများကို အသုံးပြုရန် “ဒရုန်းတံတိုင်းကိုထူထောင်ရခြင်းဖြစ်ကြောင်း လစ်သူယေးနီးယားပြည်ထဲရေးဝန်ကြီး  အန်နီဘီလိုတေတီက ပြောကြားသည်။

 

ပဏာမခြေလှမ်းအရ ပါဝင်သည့် နိုင်ငံများသည် ၎င်းတို့၏နယ်စပ်ဒေသများကို စောင့်ကြည့်ရန် မောင်းသူမဲ့လေ ယာဉ်များကို အသုံးပြုမည်ဖြစ်သည်။ ၎င်းတို့သည်မှောင်ခိုလမ်းကြောင်းများနှင့် နယ်စပ်ဒေသများကို ကာကွယ်ရန်  ဒရုန်းစနစ်များကို ဖြန့်ကြက်ထားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်