ငွေဆောင်လူရည်ချွန်စခန်း ဧကာဒသမတန်း လူရည်ချွန် မောင်မယ်များ ကိုယ်ကာယ ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ပြုလုပ်

ငွေဆောင်     ဧပြီ     ၂၉

 

၂၀၂၃ ခုနှစ် ဧကာဒသမတန်းမှ ငွေဆောင်လူရည်ချွန်စခန်းသို့ အပန်းဖြေခရီး ရောက်ရှိနေကြသည့် လူရည်ချွန် မောင်မယ်များ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရေးနှင့် စိတ်လက်အပန်းပြေ‌စေရေးအတွက် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းကို ဧပြီ ၂၉ ရက် နံနက်ပိုင်းက ယမုံနာဦး‌ဟိုတယ် ပင်လယ်ကမ်းခြေ၌ ပြုလုပ်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်လှိုင် ဦးဆောင်၍  ကာယဆရာများဖြစ်သည့် ဦးသက်အောင်၊ ဦးစိုင်းသီဟနှင့် ကာယဆရာမများဖြစ်သည့်  ဒေါ်ဟေမာကြည်စိုး၊ ဒေါ်သဇင်လှိုင်တို့က ဧကာဒသမတန်း လူရည်ချွန်မောင်မယ် ၁၅၈ ဦးတို့အား အကြောလျှော့လေ့ကျင့်ခန်း၊ ကာယလေ့ကျင့်ခန်း အတွဲ (၁၊၂၊၃)နှင့် Fitness Dance လေ့ကျင့်ခန်းများ အပါအဝင် ပျော်ရွှင်ဖွယ် အားကစားနည်းတို့ကို စုပေါင်းဆောင်ရွက်ကြသည်။

 

ထို့အပြင် ညနေပိုင်း အချိန်များတွင်လည်း လူရည်ချွန်မောင်မယ်များ အပန်းပြေစေရန် ဘောလုံး၊ ဘောလီဘောနှင့် ပိုက်ကျော်ခြင်း ကစားနည်းများ၊ ရေကူးကစားခြင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ဒေသန္တရ ဗဟုသုတများရရှိစေရန် ပုသိမ်မြို့၊ ငွေဆောင်ဒေသနှင့် အနီးဝန်းကျင်ရှိ လူမှုဘဝများ၊ ငါး၊ ပုဇွန်ထုတ်လုပ်ရေး လုပ်ငန်းများ၊ ရိုးရာလက်မှု ပညာလုပ်ငန်းများနှင့် အထင်ကရ နေရာများကို သွားရောက်လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)