နေပြည်တော် မတ် ၂၀
ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနယ်ပယ် (၁) အကောင်အထည်ဖော်မှုကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။ 
အစည်းအဝေးသို့ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ် (၁) အကောင်အထည်ဖော်မှုကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ ဒေါက်တာထိန်လင်းဦး ကော်မတီဝင်များဖြစ်ကြသည့် ဥပဒေရေးရာဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဉီးစွာ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်က မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှုနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၉-၂၀၂၃) ကုန်ဆုံးပြီးဖြစ်သဖြင့် အမျိုးသားအဆင့် မဟာဗျူဟာအသစ် (၂၀၂၄-၂၀၂၈) ကို ၂၀၂၄အောက်တိုဘာ၂၁ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုခဲ့ပြီး ၂၀၂၄ခုနှစ်ဒီဇင်ဘာ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ အမျိုးသားအဆင့်မဟာဗျူဟာအသစ် (၂၀၂၄-၂၀၂၈) တွင် မဟာဗျူဟာနယ်ပယ် (၅) ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး မဟာဗျူဟာနယ်ပယ် (၁) တွင် အကောင်အထည် ဖော်ဆောင်ရွက်ရမည့် မဟာဗျူဟာရည်မှန်းချက် ၇ ချက်နှင့် မဟာဗျူဟာအစီအစဉ် ၂၉ ချက် ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ဆောင်ရွက်ရမည့် မဟာဗျူဟာ အစီအစဉ် (၁၀) ချက်ရှိပြီး တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များအနေဖြင့် သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ် (၁) အကောင်အထည်ဖော်မှုကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကြည်ကြည်သန်းအောင်က ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ် (၁) နှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်းများအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ် (၁) နှင့် စပ်လျဉ်း၍ ဌာနအဖွဲ့အစည်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့် အချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်